Print

လူနာဂွစာ ( ၂၂ )

  22-Nov-2017
Preview Image

ခွဲစိတ်ခန်းထဲကနေ လူနာဖြစ်သူ ကိုဂွစာ ပြေးထွက်လာတယ်... အပြင်က လူတွေက ဝိုင်းမေးကြတယ်...


"ဟေ့လူ... ဘယ်လိုဖြစ်တာလဲ? ခွဲခန်းဝတ်စုံကြီးနဲ့ ..."


"ဘာဖြစ်ရမလဲ... သူနာပြု ဆရာမလေးက ပြောတယ်... မကြောက်ပါနဲ့တဲ့...


 ခွဲခန်းဝင်ကာနီး ပထမဆုံးအကြိမ်ဆိုတာ ဒီလိုပဲ စိတ်လှုပ်ရှားတတ်တာပဲတဲ့..."


"အင်း... ဟုတ်တာပဲ... ဒါ အားပေးစကား ပြောတာလေဗျာ..."


"ဟုတ်တော့ ဟုတ်ပါတယ်... ဒါပေမယ့် သူပြောနေတာက ကျွန်တော့ကို မဟုတ်ဘဲ ခွဲဖို့ ပြင်နေတဲ့ ဆရာဝန်လေးကို ပြောနေတာဗျ... "


:P :P :P


Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18